သတင်းများ

ကျိုက်လတ်မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌  ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့်  မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မဈေးကြီးတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ  ၂ နာရီက မြို့မဈေးကြီး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
တောင်ပြိုလက်ဝဲမြို့၌ Mobile library ဆောင်ရွက်ပေး
Feb 26,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများကဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား အသိပညာဗဟု သုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile library စနစ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ ရပ်ကွက်(၂)သို့  စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။
သန်လျင်မြို့နယ် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်
Feb 26,2023
သန်လျင်ခရိုင်၊သန်လျင်မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်(၂)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။
သန်လျင်မြို့နယ် ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်
Feb 26,2023
သန်လျင်ခရိုင်၊သန်လျင်မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်(၂)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဆောင်းအစေ့ထုတ်ပြောင်းစိုက်ခင်းအတွင်း ဖောငမြောင်တောင်ပိုး ကျရောက်မှုကာကွယ်ရေး ကွင်းဆင်းအသိပညာပေး
Feb 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆ တောင်သူ ဦးသံချောင်း၏ ဆောင်းစေ့ထုတ်ပြောင်းစိုက်ခင်း၌ ယနေ့နံနက် ၉ နာရီက ဖောငမြောင်တောင်ပိုးကျရောက်မှုကာကွယ်ရေး ကွင်းဆင်းအသိပညာပေးခဲ့သည်။
မိုင်းပျဉ်းမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Feb 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဒလမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
Feb 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် သီရီဇေယျအနော်ရထာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းနား ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Feb 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။