ရေကြည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျုံပျော်-ရေကြည် ကားလမ်းမ သံလမ်းကုန်းလမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။