ကုန်စည်စီးဆင်းမှု ပြန်ဆန်ရေး ရွှေဘိုဘုရင်ကုမ္မဏီမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်  ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ရွှေဘိုဘုရင်ကုမ္မဏီမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းတွင်ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးရာ  လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်အချိန်ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာန၊ ကြီးကြပ်မှုဖြင့် ရွှေဘိုဘုရင်ကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၁၁၆.၇၀) ကျပ်သန်းဖြင့် လမ်း၏ပျက်စီးနေသည့် (၄.၈၃) ကီလိုမီတာနှင့်(၆.၀၃)ကီလိုမီတာအတွင်းရှိ အရှည်(၁.၂)ကီလိုမီတာ၊အကျယ်(၅.၅)မီတာအားတူးထုတ်၍   (၅၀-၁၀၀)မီလီမီတာကျောက်များဖြင့် ဖြည့်ခင်းကြိတ်ပြီး (၇၅)မီလီမီတာအောက်အရွယ်ကျောက်များဖြင့် ထု(၁၀၀)မီလီမီတာ အခြေခံအလွှာခင်းခြင်း၊ (၂၅-၅၀) မီလီမီတာကျောက်များဖြင့်  ထု(၇၅)မီလီမီတာအပွန်းခံအလွှာခင်းခြင်း၊ ထု(၃၇.၅) မီလီမီတာအဝင် ကတ္တရာလောင်းခြင်း၊လမ်းပုခုံးပြုပြင်ခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရ သည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး၊ လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့် ကုန်ကျမှုစရိတ်သက်သာစေရန်၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)