ရေကြည် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျုံပျော်-ရေကြည် ကားလမ်းမ သံလမ်းကုန်းလမ်းဆုံတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကိုကို၊ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွှန့်အောင်တို့က ဦးဆောင် သော ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အများပြည်သူသွားလာရာ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ နေရာ များတွင် ယာဉ်အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း၍ စီးနင်းစေ ခြင်း၊ ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် အသိပညာပေး ဟောပြောခဲ့သည်။
ထို့အပြင် ယဉ်မောင်းသူများလိုက်နာရန် အချက်များ၊ လမ်းဖြတ်ကူးပါက ကြည့်ရှုရမည့်အချက်များ၊ သင့်ခရီးစဉ် သာယာ စေရန် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်းလိုက်နာကြပါစို့ စသည့် အကြောင်းအရာများ ပါဝင်သော ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)