ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး
Feb 27,2023
ရိုးရာအမွေအနှစ်များမတိမ်ကောမပပျောက်စေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရေးတို့အတွက် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းဖွင့် လှစ်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။