စမ်းချောင်း ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စမ်းချောင်းမြို့နယ်၌ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၂၃၈)ဦးရှိပြီး (၁၁၁)ဦး အောင်မြင်ကာ အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၄၆.၆၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နီလာစိုး