ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်း
Feb 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက China Foundation for poverty Alleviation နှင့် Tencent တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Yagon University of Foreign Language ရှိ ကျောင်းသားအယောက် (၁၀၀)အား ကျောင်းသားတစ်ဦးလျှင် ပညာသင်စရိတ်(၅)သိန်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း(၅၀၀)ကျပ် ထောက်ပံ့လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Yagon University of Foreign Language တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။