ကော့သောင်း ဖေဖော်ဝါရီ ၂၇
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူအမျိုးသမီးများအကြား စာဖတ်ခြင်းအလေ့အထရှင်သန်လာစေရန်၊ စာပေမှတစ်ဆင့် အသိဉာဏ်အမျှော်အမြင်ကြွယ်ဝလာကာ အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်လာစေရန်နှင့် Social media အကျိုးရှိရှိအသုံးချတတ်စေရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ သင်တန်းကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ နိုင်ငံတော်မှ အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်သက်ဆိုင်သည့် ပညာပေးရောင်စုံဓာတ်ပုံများ၊ ပညာပေးစာစောင်များ၊ နယ်စပ်ဒေသဖြစ်သည့်အတွက် ငယ်ရွယ်သူအမျိုးသမီးငယ်များ လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးစေရေး ကြိုတင်သတိပြု ဆင်ခြင်လိုက်နာရန်လိုအပ်သည်များ စသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်/စာစောင်များအား ခင်းကျင်းပြသရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)