မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့အဝင်မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေပြေးကားကွင်းသွားလမ်း၊ လမ်းမကြီး တစ်လျှောက်တွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သံဃာတော်၊ သီလရှင်အပါး (၁၃၀၀)အား မူဆယ်မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။