သတင်းများ

တောင်ကုတ်မြို့၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ
Mar 06,2023
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်၌ မဟာသဒ္ဓမ္မပန်းကုံးကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် သံဃာတော်များမှ ယနေ့နံနက်(၇)နာရီ အချိန်မှ၍ ဆွမ်းဆန်တော်များအလှူခံကြွရောက်လျက်ရှိကြောင်း သိရသည်။
တပေါင်းလပြည့် ရုံးပိတ်ရက်/ကျောင်းပိတ်ရက် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် အပန်းဖြေ၊ ဆင်စီးသူ ခရီးသွား များပြား
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ တပေါင်းလပြည့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွင် အပန်းဖြေခရီးလာရောက်လည်ပတ်သူများနှင့် ဆင်စီးကြသည့် ဧည့်သည်များ၊ ဆင်များ လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများလာခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စ ခန်းတာဝန်ရှိသူများထံက သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းရှေးဟောင်းမှုနယ်မြေသို့ တပေါင်းလပြည့်နေ ဘုရားဖူးများဖြင့် စည်ကားနေ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မတ် ၅ ရက်၊ တပေါင်းလပြည့်နေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေကြောင်း တုရင်တောင်စွယ်တော်မြတ်စေတီ ဂေါပက အတွင်းရေးမှူး ဦးလှရွှေထံက သိရသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲ သံဃာတော်များအား ဆွမ်းသပိတ်လောင်းလှူ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘုရားကြီးရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်ရေစက်ချတရားနှင့် ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲကျင်းပ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ အခမ်းအနားကျင်းပ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် မြတ်မော်တင်ဘုရားကုန်းတော်ပေါ်ရှိ ကနေကဇာဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာရှိ အကျော်ဇေယျပဿထ စေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲ၊ ရွှေထီးတော် အသစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာရှိ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲ ရွှေထီးတော်၊ ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မြောက်ဖက်စောင်းတန်း ဓမ္မာရုံ၊စေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။
မဟာ သဓ္ဒမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တပညာဇောတ ဆရာတော်အား ဂုဏ်ပြုကြိုဆို မြို့တွင်း လှည့်လည်အပူဇော်ခံ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်မှ စတင်ကာ မဟာသဓ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာဇောတ ဆရာတော်အား ဂုဏ်ပြုကြိုဆို၍ မြို့တွင်းလှည့်လည်အပူဇော်ခံကြသည်။