သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နေကြာ၊ ဂျုံ၊ ဝါ၊ ကုလားပဲ၊ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံ ပန်းတိုင်အတွက် ရရှိရေး ဆွေးနွေးပွဲ၊ ပြပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ
Mar 03,2023
တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူများ စိုက်ပျိုးသည့် စပါး၊ ဂျုံ၊ ဝါ၊ ဆီထွက်သီးနှံ၊ ကြံ၊ ပဲမျိုးစုံ သီးနှံများ ပန်းတိုင်အထွက် ရရှိရေး စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က   ကျ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို မတ်လ(၃) ရက်နေ့နံနက် (၈)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Mar 03,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစာစစ်ဌာနများသို့  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၃၂)ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲကျင်းပ
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏(၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖွင့်ပွဲကို မတ်လ (၃) ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာဖွင့်လှစ်ပေးပြီး မတ်လ ၅ ရက်နေ့ (တပေါင်းလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ နွေရာသီ အခြေခံအားကစား Fitness Dance သင်တန်းကျင်းပ
Mar 03,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစား သင်တန်းဖြစ်သည့် Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်ရွှေမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်
Mar 03,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမား မျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာ ယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားရက် အခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်“ကျားမတန်းတူညီမျှဖို့  နည်းပညာဖြင့် ဆန်းသစ်စို့” စာစီစာကုံးပြိုင်ပွဲကျင်းပ
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး၊ (၂၀၂၃) ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် “ကျားမတန်းတူညီမျှဖို့ နည်းပညာဖြင့် ဆန်းသစ်စို့ “စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။