ရပ်စောက် မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဗုဒ္ဓပူဇာနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် (၃၇)ကြိမ်မြောက် စူဠာမုနိကုသိုလ်တော်ဘုရားကြီးနှင့်မြို့မ ဓါတ်ပေါင်းစုစေတီတော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပွဲ ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စူဠာမုနိကုသိုလ်တော်ဘုရားကြီးအရှေ့ဘက် အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသော ဆရာဒါယကာအားလုံးတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိသတ် အပေါင်းတို့က စန္ဒကူးကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အပေါင်းတို့က ပရိတ်မေတ္တာ ဒေသနာတော်များ ချီးမြှင့်ပေးသနားတော်မူခဲ့သည်။
ဆက်လက်၍ စန္ဒကူးကျောင်းဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ပေးခဲ့ပြီး ဗထူးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက ရပ်စောက်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၅)ကျောင်းသို့ ဆွမ်းဆန်အိတ်(၆၅)အိတ်၊ ဆီ (၁၀၆)ပိဿာ၊ နဝကမ္မအလှူငွေကျပ်(၄၇)သိန်းနှင့် အခြားလှူဒါန်းဘွယ်ရာပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်း လိုက်ကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)