သတင်းများ

ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းကအမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် လမ်း၂၀ လမ်း ထောင့်၌ ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် ပက်မခမ်းကျေးရွာတောင်ကုန်းကြီးကျောင်း သဲပုံစေတီတော်တွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲကျင်းပ
Mar 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပက်မခမ်းကျေးရွာအုပ်စု ပက်မခမ်းကျေးရွာ တောင်ကုန်းကြီးကျောင်းတွင် တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ ယမန်နေ့ညပိုင်းက သဲပုံစေတီတော်တွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲကျင်းပကြောင်း သိရသည်။
ဥကပ်ပါးနကျယ်မွေးမြူရေးဓာတ်ခွဲခန်းသို့တောင်သူများလာရောက်လေ့လာ
Mar 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ထားသည့် ဥကပ်ပါးနကျယ် မွေးမြူရေးဓာတ်ခွဲခန်းသို့ ကျေးရွာ ၃ ရွာမှ တောင်သူ၂၅ဦး လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ် စုပေါင်းရုံးတွင် ကလေးငယ်များကို ကာကွယ်ဆေးများထိုးနှံပေး
Mar 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌  အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ကလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ 
ကျောက်မဲမြို့တွင် သီးနှံအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 06,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်​ကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာ မဟာဗောဓိစေတီ၌ ဘုရားဖူးသူများစည်ကား
Mar 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာမဟာဗောဓိစေတီ‌တာ်မြတ်ကြီးတွင် ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့တွင် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကုသ​​ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မွေးစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ကွတ်ခိုင်မြို့နယ်တွင်၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ ကွတ်ခိုင်မြို့နယ်အတွင်း အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။