တပေါင်းလပြည့်နေ့ မန္တလေးမြို့ရှိ ဘုရား၊ စေတီပုထိုးများနှင့် အထင်ကရနေရာများတွင် ပြည်သူများဖြင့် စည်ကား

မန္တလေး  မတ်  ၅

တပေါင်းလပြည့်နေ့တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံပြည်သူများက လာရောက်ဖူးမြှော်ကြည်ညိုခြင်း၊ အထင်ကရနေရာများနှင့် အပန်းဖြေနေရာများတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ခြင်းများဖြင့် စည်ကားလျက်သည်။

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၊ မဟာလောကရန်နှိမ် အောင်တော်မူဘုရား စသည့် အထင်ကရ ဘုရားစေတီများတွင် ဘုရားဖူးများ လာရောက်ဖူးမြှော်ကြည်ညိုခြင်း၊ ဆီမီးများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်းနှင့်ရေချမ်းများ ကပ်လှူပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ အလှူဒါန ပြုသူများဖြင့် ရှိသလို အထင်ကရနေရာများဖြစ်သော ဦးပိန်တံတား၊ တိရိစ္ဆာန်ဥယျာဉ်တို့တွင် အနယ်နယ် အရပ်ရပ်မှလာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)