အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ပြိုင်ပွဲ ကျင်းပ

 

မာန်အောင် မတ် ၅

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်သန်းဝင်းက ပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး  အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ ၊ ကာတွန်းနှင့် ပိုစတာ ပြိုင်ပွဲများကို ကျင်းပရာ မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးက ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်သန်းဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ပန်းချီ ၊ ပိုစတာနှင့် ကာတွန်းပုံများကို ပြည်နယ်အဆင့်မှ ဆုများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)