မဟာ သဓ္ဒမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တပညာဇောတ ဆရာတော်အား ဂုဏ်ပြုကြိုဆို မြို့တွင်း လှည့်လည်အပူဇော်ခံ

သာပေါင်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်မှ စတင်ကာ မဟာသဓ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာဇောတ ဆရာတော်အား ဂုဏ်ပြုကြိုဆို၍ မြို့တွင်းလှည့်လည်အပူဇော်ခံကြသည်။

သာပေါင်းမြို့၊ အမှတ်()ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက် ဦးစီးပဌာန နာယကဆရာတော် (မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ) ဘဒ္ဒန္တပညာဇောတ ဆရာတော်အား (မဟာသဓ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်) ဆက်ကပ်အပူဇော်ခံယူ ဂုဏ်ပြုကြိုဆိုပင့်ဆောင်၍ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်() ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်() ဦးကျော်တိုး၊ အဖွဲ့ဝင်() မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းများ၊ ဒါယကာ၊ ဒါယိကာမများမှ ရှိခိုးပူဇော် ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)