သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနား တက်ရောက်
Mar 06,2023
(၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ကျင်းပသည်။ အခမ်းအနားတွင် ပအိုဝ်းတိုင်းရင်းသားများက ပအိုဝ်းအမျိုးသားအလံအား သယ်ဆောင်၍ အလံတင်ပြီး အလေးပြုကြသည်။
ဥက္ကလာပစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များနှင့် ငှက်မြတ်နားတော်တို့အား အထွတ်တော်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Mar 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ဥက္ကလာပစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ ဆည်းလည်းပဒေသာတော်များ နှင့် ငှက်မြတ်နားတော်တို့အား အထွက်တော်တင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မဟာမုနိဓမ္မာရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူစာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 06,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူ စာအုပ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာ စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသထွက်သီးနှံများကို ငါးရက် တစ်စျေးတွင်ရောင်းချရသောကြောင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၏ ဒေသခံပြည်သူများသည် ၎င်းတို့စိုက်ပျိုးထားသော ဒေသထွက်သီးနှံများကို ငါးရက် တစ်စျေးတွင် သင့်တင့်သောစျေးရရှိသဖြင့် သီးနှံများ ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 06,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ် ဝင်စာမေးပွဲအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ  မဟာမင်္ဂလာအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Mar 06,2023
သာသနာတော်နှစ် ၂၅၆၆ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားမြို့ပတ်ဝန်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များဈေးကောင်းရ
Mar 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပတ်ကျင်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များ ဈေးကောင်းရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးထံမှ သိရသည်။