သတင်းများ

နောင်တရားမြို့ပတ်ဝန်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များဈေးကောင်းရ
Mar 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ ပတ်ကျင်းကျင်ကျေးရွာများ၌ ထွက်ရှိသည့် ချင်း(ဂျင်း)များ ဈေးကောင်းရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း ရက်တိုသင်တန်းဖွင့်လှစ်
Mar 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား
Mar 06,2023
မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်‌နေ့၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 06,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ပိတ်ပွဲနှင့် ရေစက်ချအခမ်းအနားကျင်းပ
Mar 06,2023
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်ပြင်တော် မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက်စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 06,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သစ္စာအဓိဋ္ဌာန်အောင် ရွှေစာရံဘုရားကြီး၏(၇၅)နှစ်မြောက် စိန်ရတုဗုဒ္ဓပူဇနိဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၈) နာရီက ရွှေစာရံဘုရားကြီး မုခ်ဦးရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ သီလရှင်ဆေးကုသဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်
Mar 06,2023
မော်လမြိုင်မြို့ မေတ္တာစွမ်းရည် ဒေါ်လန်းသီလရှင်တိုက် ဒေါ်ကရုဏာဝတီ Ph.D (Thesis)က ဦးဆောင်၍ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးအတွက် ဆောက်လုပ်လှူဒါန်းသော (၂၁)ခု တင်ဆံ့ သီလရှင်ဆေးကုသဆောင်ကို ယမန်နေ့နံနက်(၈)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။