ကျွန်းလှမြို့နယ်၌ နွေရာသီအခြေခံ အားကစားနည်းငါးမျိုး သင်တန်းဖွင့်လှစ်
Mar 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ မိမိတို့ကြိုက်နှစ်သက်သည့် အားကစားနည်းများ စနစ်တကျ လေ့ကျင့်နိုင်ရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၄ နာရီက နွေရာသီအခြေခံအားကစားနည်း ငါးမျိုးသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။