သတင်းများ

ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (မြန်မာစာ)ဘာသာရပ် စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ မြန်မာစာဘာသာရပ်ကို ပထမနေ့ တပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင်သို့ လာရောက်ဖြေဆိုသူ ( ၉၅.၈၈ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်ခေါင်းမြို့၌ စာပေချစ်သူများအဖွဲ့ (Book Club)အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်သူများအဖွဲ့(Book Club)အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ကြ သည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၆၁)ဦး ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၃၆၁)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ကျင်းပ
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ (၆၇၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲစတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
နွေရာသီကာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကာလအတွင်း အားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၂)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။