ပေါင် မတ်လ ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ မြန်မာစာဘာသာရပ်ကို ပထမနေ့ တပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင်သို့ လာရောက်ဖြေဆိုသူ ( ၉၅.၈၈ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ်တွင် အထကပေါင် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုခွင့်ရှိသူ (၄၁၃)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ (၃၉၆)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး အအေးဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)