တိုက်ကြီး မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ (၆၇၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) စာစစ်ဌာနတွင် ကျောင်းသား(၁၃၉)ဦး ကျောင်းသူ(၁၆၆)ဦး ပေါင်း(၃၀၅)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဥက္ကံ)စာစစ်ဌာနတွင် ကျောင်းသား(၇၄)ဦး ကျောင်းသူ (၈၈) ဦး ပေါင်း (၁၆၂)၊ အခြေခံ ပညာအထက်တန်းကျောင်း(ဖလုံ)စာစစ်ဌာနတွင် ကျောင်းသား (၁၆)ဦး ကျောင်းသူ (၂၁)ဦး ပေါင်း (၃၇)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(တော်လတီ)စာစစ်ဌာနတွင် ကျောင်းသား (၁၄) ဦး ကျောင်းသူ (၁၅) ဦး ပေါင်း (၂၉) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတွင် ကျောင်းသား (၆၅) ဦး ကျောင်းသူ (၇၆) ဦး ပေါင်း (၁၄၁)ဦး ဝင်ရောက် ဖြေဆိုသည်။ စာစစ်ဌာန (၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ( ၃၀၈ )ဦး၊ ကျောင်းသူ (၃၆၆) ဦး၊ စုစုပေါင်း (၆၇၄)ဦး ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၄၀) ဦး ကျောင်းသူ (၃၇) ဦး စုစုပေါင်း (၇၇) ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၈၉.၇၅ ) ရှိသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်