နွေရာသီကာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

အမရပူရ မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကာလအတွင်း အားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ဂျူတိုနည်းပြ ဦးမင်းခန့်သူနှင့် ပူးပေါင်းပြီး ဂျူတိုအ​ခြေခံကို သင်ကြားပေးလျက် ရှိကြောင်း လက်ရှိသင်တန်းသားကလေးငယ် ၃၀ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ပြီး အဆင့်မြင့်ဂျူတိုပညာကို ဆက်လက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် စသည့် အားကစားခြောက်မျိုးကို နည်းပြများနှင့် စနစ်တကျသင်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းများ တက်ရောက်လိုပါက အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း အားကစားနှင့်ကာယပညာဦးစီးမှူး ဦးနေဝင်းထွန်းထံမှ သိရသည်။

စိုးသီဟ(အမရ)