သတင်းများ

လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ဝါးခယ်မမြို့ရှိ အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓစွယ်တော်မြတ်၊ ဓာတ်တော်မြတ်များ ပူဇော်ပွဲသို့ ဘုရားဖူးများဖြင့် စည်းကားလက်ရှိ
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျံမငေးမြို့၊ သီရိဟေမာရပ်ကွက် မြတ်စွယ်တော် ကျောင်းတိုက်တွင် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ပွဲတော်အား မတ်လ ၉ ရက်‌နေ့အထိ ကျင်းပမည်ဖြစ်ပြီး လာရောက်ဖူးမြှော် ကြည်ညိုကြမည့် ရဟန်း/ရှင်/ပြည်သူများမှ မြတ်စွယ်တော်အား ရည်စူး၍ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်း​ခြင်း၊ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခြင်း မြတ်စွယ်တော် ကျောင်းတိုက်တွင်‌ နေ့ရောညပါ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုနေမှုအား သယံဇာတရေးရာဝန်ကြီးလိုက်လံကြည့်ရှု
Mar 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ စာစစ်ဌာန ၁၂ ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုသို့ သယံဇာတရေးရာဝန်ကြီးဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
Mar 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ယနေ့မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိရာ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ယမန်နေ့နံနက်က စာဖြေဌာန (၂) ခုဖြင့် ကျင်းပသည်။
ထန်းတပင်မြို့နယ် အ‌ခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေး
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အ‌ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုရာ မြို့သစ်မြို့နယ်မှ ဖြေဆိုသူ(၈၀၃)ဦးရှိ
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က ဝါးကြီးအိုင်တို့၌ ကျင်းပသည်။ 
သနပ်ပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆို
Mar 08,2023
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ-ထ-က(သနပ်ပင်)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။