သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ

သာပေါင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ကြ သည်။

မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နေကြာစိုက်ပျိုးပြီး သည့် ဧကများ အထွက်နှုန်းများအား မှတ်တမ်းပြုစု တင်ပြရန်၊ မိုးကျမည့်ရက်မှ နောက်ပြန် တွက်၍ သီးနှံများ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစည်းရုံး ဆောင်ရွက်ရန်၊ မိုးစပါးရိတ်သိမ်းပြီး ဧကများတွင် သီးထပ်စိုက်ပျိုးနိုင်ရေး စည်းရုံး ဆောင်ရွက်ရန်၊ အထက်အဆင့် စိုက်တိုးမြင့်ကော်မတီ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန် နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးမှာကြားရာ ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)