နတ်တလင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၂)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(နတ်တလင်း)စာစစ်ဌာန၌ ကျောင်းသား ၉၁ ဦး၊ ကျောင်းသူ ၁၇၅ ဦး၊ စုစုပေါင်း ၂၂၆ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (တာပွန်) စာစစ်ဌာန၌ ကျောင်းသား ၃၇ ဦး၊ ကျောင်းသူ ၆၁ ဦး၊ စုစုပေါင်း ၉၈ ဦးဝင်ရောက်ဖြေဆိုပြီး မြို့နယ်အတွင်း စာစစ်ဌာန(၂)ခုတို့၌ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၆၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)