ပေါက်ခေါင်းမြို့၌ စာပေချစ်သူများအဖွဲ့ (Book Club)အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်သူများအဖွဲ့(Book Club)အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး၊ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အားတင်းထား”စာအုပ်မှ ခေါင်းစဉ်ခွဲများကို(Book Club) အဖွဲ့ဝင်များက တစ်ဦးခြင်းဖတ်ကြားခဲ့ရာ တက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)