သတင်းများ

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ စတင်ဖြေဆို
Mar 08,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာဘာသာ စတင်ဖြေဆိုနေပြီဖြစ်သည်။
အိမ်မဲမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၈) ခုဖြစ်သော အ.ထ.က-၁ တွင် ၁၆၅ ဦး ၊ အ.ထ.က-၂ တွင် ၁၀၅ ဦး ၊ အ.ထ.က ရွာသစ်တွင် ၁၅၃ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၉၁ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၆၉ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၃၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၃၇ ဦး၊ အ.ထ.က ဘုရားကြီးကုန်းတွင် ၃၃ ဦး စသည့် စာစစ်ဌာန ၈ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၈၉ ဦးတို့သည် ယနေ့ နံနက် (၉) နာရီတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက်​ ထောက်ပံ့​ငွေ​ပေးအပ်
Mar 08,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက် ​ထောက်ပံ့​ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်​နေ့ည​နေပိုင်းက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်   Community   Centre ခန်းမတွင် တိုင်းရင်းဆေးပညာသိကောင်းစရာအသိပညာပေး Talk  Show   ဆောင်ရွက်
Mar 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာသိကောင်းစရာ အသိပညာပေး Talk   Show ကို ယနေ့နံနက် (၉) နာရီက သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာစတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနလေးခုခွဲတွင် ယနေ့နံနက်ပိုင်းက မြန်မာဘာသာ စတင်ဖြေဆိုလျက်ရှိသည်။
အမရပူရမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာစတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနလေးခုခွဲတွင် ယနေ့နံနက်ပိုင်းက မြန်မာဘာသာ စတင်ဖြေဆိုလျက်ရှိသည်။
မြင်းခြံမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။