သတင်းများ

ဓနုဖြူမြို့နယ် (Community Centre) ခန်းမတွင် စားပွဲတင်တင်းနစ် သင်တန်းဖွင့်လှစ်
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် နွေရာသီ အခြေခံသင်တန်း၊ စားပွဲတင်တင်းနစ် သင်တန်းကို ယနေ့ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကိုဂုဏ်ပြုကြိုဆို ခရမ်းမြို့နယ်တွင်တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးဝါးကုသ
Mar 09,2023
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးကွင်းဆင်းကုသရေးအဖွဲ့)က တိုင်းဦးစီးဌာနမှူး ဆရာကြီး ဦးတင့်လွင်၊ရန်ကုန်မြို့ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီးဆရာမကြီး ဒေါ်မူမူချို၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဝင်များက ပူးပေါင်းပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ညနေ ၃ နာရီအထိက ခရမ်းမြို့နယ် အထက်ခမတ် စံပြကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သောသာ သနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆိုပင့်ဆောင်
Mar 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဒီပထေရဝါဒသာသနာပြုကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသိရီအားဂုဏ်ပြု ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားခရိုင်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး
Mar 09,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်များအတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့သွားရောက်ပြီ
တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Mar 09,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးဇေယျာလင်း၊ နေပြည်တော်အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်တန်းဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး
Mar 09,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီစာစစ်ဌာနှင့် သုံးထပ်ဆောင်စာစစ်ဌာနများတွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် တက္ကသိုလ်တန်းဝင် စာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက်(၉)နာရီ (၄၅)မိနစ်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ လေယာဉ်ကွင်းသွားလမ်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မှုရာနှုန်းပြည့်ပြီးစီး
Mar 09,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းသွားလမ်း အရှည်ပေ (၅၀၀၀)၊ အကျယ် (၃၆)ပေ၊ ထု (၁၀)လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းအား ၂၀၂၂ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် လိုက်လံစစ်ဆေး
Mar 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။