မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ (၃၆၁)ဦး ဖြေဆို

မာန်အောင် မတ် 

၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၃၆၁)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ထိုသို့စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ()ရက်နေ့မှ (၁၈)ရက်နေ့ထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် နံနက် နာရီမှ ၁၂ နာရီထိ နာရီ မေးခွန်းကို သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျဆရာ၊ ဆရာမများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ခရိုင်ကြီးကြပ်မှုအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းသား၊ ကျောင်းသူဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် --က မာန်အောင်နှင့် --က(ခွဲ) စျေးတန်းစာစစ်ဌာန ()ခုရှိရာ စာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၂၃)ဦး ရှိသည့်အနက် ဖြေဆိုသူ (၃၆၁) ဦး၊ ပျက်ကွက်သူ(၆၂)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၈၅.)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)