မြေပုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို
Mar 08,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၂)ခု၌ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း(၇၆၁)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဆိုလျက်ရှိကြောင်း သိရသည်။