သတင်းများ

ရွှေတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၅၆)ဦး ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၅၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ်ရှိ စာစစ်ဌာနငါးခု၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အ.ထ.က(၁)၊ အထက(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ပေါင်းတလည်)နှင့် အ.ထ.က(ဝက်ထီးကန်)အစရှိသည့် စာစစ်ဌာနငါးခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ လာရောက်ဖြေဆိုလျက်ရှိသည်။
နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၉ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုရာခိုင်နှုန်း ၉၀ ဒဿမ ၈၃ ရာခိုင်နှုန်းရှိ
Mar 08,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်၊ နိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းသားကျောင်းသူ ၁၀၉ ဦး စိတ်အေးချမ်းမြေ့စွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းပျဉ်းမြို့တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ အေးချမ်းစွာစတင် ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ဘိုကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုပြီးစီး
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ဖြေဆိုခဲ့ပြီး ကျောင်းသား/သူများအနေဖြင့် ဖြေဆိုပြီးစီးခဲ့သည်။
မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မုံရွာမြို့‌ပေါ်ရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေး
Mar 08,2023
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ စာစစ်ဌာန များဖြစ်သည့် အထက (၂)အလုံ၊ အထက (၂)မုံရွာ၊ အထက(၃)မုံရွာတို့သို့ ရောက်ရှိပြီး အဆိုပါ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အ-ထ-က(၁)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်း က အေးချမ်းစွာလာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။