မချမ်းဘော့ မတ် ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၊ အ.ထ.က(မချမ်းဘော့) စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့ အ.ထ.က(မချမ်းဘော့) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ အတွင်းဖြေဆိုသူ၊ အပြင်ဖြေဆိုသူ စာရင်းရှိ ကျား၊ မ စုစုပေါင်း (၇၃) ဦးရှိရာမှ အတွင်းဖြေဆိုသူ ကျား(၂) ဦး၊ မ(၁) ဦး၊ စုစုပေါင်း(၃) ဦးနှင့်၊ အပြင်ဖြေဆိုသူ ကျား(၂) ဦး၊ မ(၃) ဦး စုစုပေါင်း(၅) ဦး ပျက်ကွက်သူစုစုပေါင်း(၈) ဦး ပျက်ကွက်ခဲ့ပြီး အတွင်းဖြေဆိုသူ ကျား(၁၇) ဦး၊ မ (၁၇) ဦး၊ စုစုပေါင်း(၃၄)ဦး၊ အပြင်ဖြေဆိုသူ ကျား(၄) ဦး၊ မ(၂၇) ဦး စုစုပေါင်း(၃၁) ဦး အတွင်းအပြင် ဖြေဆိုသူ စုစုပေါင်း (၆၅) ဦးတို့က အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက လုံခြုံရေးကော်မတီများ က ပူးပေါင်းဆောင်၍ ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)