အလုံမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 09,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။