စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ( ၆၄၈)  ဦး ဝင်ရောက်ဖြေဆို

စဉ့်ကိုင် မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ကို မတ်လ(၈) ရက်နေ့နံနက်(၉) နာရီမှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်း သူ (  ၆၄၈ )ဦး စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏   ကြီးကြပ်မှုဖြင့်    ဌာနဆိုင်ရာဝန်ထမ်းများ  နယ်မြေခံတပ်နယ်မှ  တာဝန်ရှိသူများ ၊   ရပ်ကွက်ကျေးရွာ  အုပ်ချုပ်ရေးမှူးများ ၊   ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး  စာမေးပွဲကို ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၂) ခုဖြင့် ကျင်းပခြင်းဖြစ်ပြီး အ.ထ.က (စဉ့်ကိုင်) တွင် ကျောင်းသား/ ကျောင်းသူ  (၅၄၈)ဦး စာရင်းပေးသွင်းထားပြီး (၅၁၂)ဦး ဝင်ရောက်ဖြေဆိုကာ (၃၆)ဦး ပျက်ကွက်ကြောင်း ၊ အ.ထ.က (ပလိပ်)တွင် ကျောင်းသား/  ကျောင်းသူ (၁၄၅)ဦး စာရင်းပေးသွင်းထားပြီး (၁၃၆) ဦးဝင်ရောက်ဖြေဆိုကာ(၉)ဦး ပျက်ကွက်ကြောင်း၊ စုစုပေါင်း စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ (၆၉၃)ဦး ရှိပြီး   ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၆၄၈) ဦးရှိပြီး ပျက်ကွက်ကျောင်းသား/ကျောင်းသူ (၄၅)  ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၃.၅၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော့မူယာမောင်(စဉ့်ကိုင်)