သတင်းများ

မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် ရပ်ကွက်နေပြည်သူများထံသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Mar 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူစာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။
ပန်းတနော်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူ မှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းသည် ယနေ့ နံနက် ၁၁ နာရီက  ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကဝမြို့နယ်၌ စပါးကြဲခင်းစိုက်ပျိုးမှုစနစ်မှ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးဆောင်ရွက်နိုင်ရန် စပါးမျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Mar 09,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ပဲခူးခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှု၊ ကဝမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏အစီအစဥ်ဖြင့် ကဝမြို့နယ်အတွင်းရှိ မိုးစပါး/နွေစပါး (၁)ဧကထွက်နှုန်းတိုးတက်စေရေးအတွက် စပါးကြဲခင်းစိုက်ပျိုးမှုစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရန် စပါးမျိုးစေ့ချကိရိယာ(12 roll Seeder) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မံစီမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှု အခြေအနေကို တက္ကသိုလ်ပါမောက္ခချုပ် လာရောက်ကြည့်ရှုစစ်ဆေး
Mar 09,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအခြေအနေကို မတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဗန်းမော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာသောင်းထိုက်နှင့် ခရိုင်ပညာရေးမှူးဦးထွန်းအေးကျော်တို့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဖျာပုံမြို့နယ်​ နောင်တော်ကြီးကျေးရွာတွင် ဆီထွက်သီးနှံဆောင်းနေကြာ ရိတ်သိမ်းပွဲပြုလုပ်
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ နောင်တော်ကြီးကျေးရွာ တောင်သူ ဦးဇော်လှိုင်ထွန်း၏ ကွင်းအမှတ် (၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁)၊ ဧရိယာ(၁.၅၀)ဧကရှိ စိုက်ခင်း၌ ဆီထွက်သီးနှံ ဆောင်းနေကြာရေဆင်းစပ် မျိုး (၁/၁)မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို မတ်လ (၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်သည်။
မုံးကိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်လူငယ်ဖွံ့ဖြိုးမှုစက်ချုပ် သင်တန်းဖွင့်လှစ်
Mar 09,2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။