လှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စတင်ဖြေဆို

လှိုင်  မတ်  

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်() အခြေခံပညာအထက်ကျောင်းနှင့် အမှတ်() အခြေခံပညာအထက်ကျောင်းတို့တွင် ယနေ့နံနက် ၉နာရီက စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါ စာစာစ်ဌာန ()ခုတွင် ဖြေဆိုမည့် ကျောင်းသား(၂၅၉)ဦး၊ ကျောင်းသူ (၃၁၅)ဦး စုစုပေါင်း (၅၇၄)ဦးရှိပြီး ယနေ့ မြန်မာစာဖြေဆိုသည့် ကျောင်းသား (၂၂၆)ဦး၊ ကျောင်းသူ (၂၆၃)ဦး၊ စုစုပေါင်း (၄၈၉)ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)