ဟိုပင်မြို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ (မြန်မာစာဘာသာရပ်)ကို အထကမြသီတာ စာစစ်ဌာန၌ စတင် ဖြေဆို

ဟိုပင် မတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ (မြန်မာ စာဘာသာရပ်)ကို အခြေခံပညာအထက်တန်းကျောင်း(မြသီတာ)စာစစ်ဌာန၌ ယနေ့ နံနက် (၉)နာရီက ကိုဗစ်-၁၉ စည်ကမ်းနှင့် အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုကြရာတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ကျောင်းကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဟိုပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (မြသီတာ) စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသာ၊ ကျောင်းသူ (၃၃၈)ဦးဖြစ်ပြီး ဖြေဆိုသူ ကျောင်းသား(၉၄)ဦး၊ ကျောင်းသူ(၂၂၆)ဦး စုစုပေါင်း(၃၁၉)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ( ၉၄.၃၈)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး ပြန်/ဆက်