မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မြစ်ကြီးနား မတ် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်အား သက်ဆိုင်ရာစာစစ်ဌာန အသီးသီး တွင် စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိသည်။

မြစ်ကြီးနားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၁၅၀) ဦးရှိရာ ပထမရက် မြန်မာစာဘာသာရပ်အား လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း (၂၉၁၃)ဦးရှိ၍ ဖြေဆိုမှု ရာခိုင်နှုန်း (၉၂) ရှိကြောင်းနှင့် မြို့နယ်အတွင်းစာစစ်ဌာန (၈) ခုဖြင့် ဖြေဆိုကျင်းပလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် စာစစ်ဌာန (၃၂)ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၂၇) ဦးရှိရာ ဖြေဆိုသူဦးရေ စုစုပေါင်း (၉၅၃၃) ဦး၊ ပျက်ကွက်သူ စုစုပေါင်း (၇၉၄) ဦးရှိကြောင်းနှင့် စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို နိုင်ရေး ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း  ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)