မြေပုံ မတ် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၂)ခု၌ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း(၇၆၁)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဆိုလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ အတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးလျက်ရှိသည်။ မြေပုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၆၂)ဦးရှိပြီး အ.ထ.က(မြေပုံ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၉၈)ဦး၊ အ.ထ.က-(ကမ်းထောင်းကြီး)စာစစ်ဌာနတွင် (၃၆၃)ဦး၊ စုစုပေါင်း စာစစ်ဌာန(၂)ခုမှ ဝင်ရောက်ဖြေဆိုသူ(၇၆၁)ဦး၊ ပျက်ကွက် (၁၀၁) ဦးရှိကြောင်း၊ စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်းမှာ (၈၈.၂၈) ရှိပြီး၊ ပျက်ကွက်ရာခိုင်နှုန်းမှာ (၁၁.၇၂) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ဝင်း