နေပြည်တော် မတ် ၁၄
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြခြင်းဖြစ်သည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာစာဘာသာရပ်ကို ဖြေဆိုကြရာတွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၇၉) ဦး၊ ပျက်ကွက် (၇၈) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၄၀) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၃.၀၂ ရာခိုင်နှုန်း၊ မတ္တရာမြို့နယ်အတွင်းရှိ အ.ထ.က(မတ္တရာ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၁၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉.၇၂ ရာခိုင်နှုန်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၁၅) ဦး၊ နွားထိုးကြီး မြို့နယ်အတွင်းရှိ အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၃၂) ဦး၊ ပျက်ကွက် (၃၄) ဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၃၂) ဦး၊ ပျက်ကွက်သူ (၇၄) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၅၂ ရာခိုင်နှုန်း၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၀၆) ဦး၊ ပျက်ကွက်သူ (၅၁) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၇၅) ဦး၊ ပျက်ကွက်သူ (၄၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၇၄ ရာခိုင်နှုန်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၂၁) ဦး၊ ပျက်ကွက်သူ (၁၃၈) ဦးဖြစ်သဖြင့် ၉၃.၁၇ ရာခိုင်နှုန်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၂၂) ဦး၊ ပျက်ကွက်သူ (၄၇) ဦးဖြစ်သဖြင့် ၉၂.၉၇ ရာခိုင်နှုန်း၊ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၁၅) ဦးဖြစ်သဖြင့် ၉၀.၇၂ ရာခိုင်နှုန်း၊ တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၁၈) ဦး၊ ဝင်ရောက်ဖြေဆိုကြသည်။
မန္တလေးတိုင်းဒေသကြီးတွင် စာစစ်ဌာန စုစုပေါင်း (၉၇) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။