“ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ
Mar 11,2023
ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live show အစီအစဉ်ဆန်းသစ်မှုအဖြစ် ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင်ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပြည်ချစ်သားမွန်တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂၄ ရက်အထိ ပွဲစဉ်(၅)ခုဖြင့်အပတ်စဉ် သောကြာနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။