ပန်းတောင်း မတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးမှ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ၏ ဘူးပေါ်တွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြခြင်း ရှိ/မရှိ ယမန်နေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့ပေါ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများက မင်းရပ်ရပ်ကွက်၊ ဝန်လိုရပ်ကွက်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်ဖြူသွယ်စတိုး၊ ငွေစည်တော်စတိုး၊ မေတ္တာစည်းစိမ်စတိုးဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ရေးသားဖော်ပြထားသည့် အလှကုန်ပစ္စည်းများသာ တင်သွင်းထားရှိကြောင်း သိရပါသည်။
သင်းသင်းအေး(ပြန်/ဆက်)