ပျဉ်းမနား မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးဇော်မင်းလွင်က ပင်ကိုယ်ဝါသနာကို အထောက်အပံ့ရရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ကောင်းမွန်စေရန်၊ စိတ်ဖိစီးမှုကိုလျော့ကျစေရန်၊ ကိုယ်တိုင်ဖန်တီးနိုင်မှုစွမ်းအားများ တိုးတက်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန်နှင့် မြန်မာ့ပန်းချီကို မြတ်နိုးတန်းဖိုးထားတတ်စေရန် ည်ရွယ်၍ ပန်းချီသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး ပျဉ်းမနားမြို့နယ် နာယက ဦးသိန်းထွန်းက မြန်မာ့ရိုးရာ ပန်းချီအနုပညာ သင်ကြားရခြင်း၏ရည်ရွယ်ချက်၊ မျဉ်းကြောင်းများအကြောင်း၊ မျဉ်းကြောင်းများ အဓိပ္ပါယ်၊ အရာဝတ္ထုပုံ ရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ လက်ချောင်းပန်းချီ ရေးဆွဲခြင်းစသည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းကို မတ်လ ၁၃ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)