Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦးရှိ
Mar 13,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၄၂၃ ဦးရှိပြီး စာမေးပွဲ စတုထ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွား
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ် အ.ထ.က(၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်များဝေငှ
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများကို ယနေ့နံနက်(၁၀)နာရီက စတင်၍ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့်မုန့်များပေးဝေ
Mar 13,2023
စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစ၍ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Grammar သင်တန်း ဖွင့်လှစ်
Mar 13,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေဘဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Grammar သင်တန်းကို မတ် ၁၃ ရက် နံနက် ၈ နာရီခွဲက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အောင်ပွဲအဖြစ် စေတီတော်ကြီးအား အနေကဇာတင်လှူခြင်း အခမ်းအနား ကျင်းပ
Mar 13,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အနော်ရထားမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် ရွှေသာလျောင်းတောင် စေတီတော်ရင်ပြင်တွင် ယမန်နေ့ နံနက်(၆)နာရီက ရွှေသာလျောင်း၊ ရွှေမုဌော၊ မဟာမြတ်လေးဆူ ဘုရားများ၏ ဂေါပကအဖွဲ့များဦးစီးပြီး ကုသိုလ်ရှင်ပြည်သူများ စုပေါင်း၍ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အောင်ပွဲအဖြစ် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Mar 13,2023
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12352
Page
12353
Page
12354
Page
12355
Current page
12356
Page
12357
Page
12358
Page
12359
Page
12360
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department