ဒေးဒရဲ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများကို ယနေ့နံနက်(၁၀)နာရီက စတင်၍ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးသက်ဦးနှင့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ ရုံးများတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အဆင်သင့် ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုများကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခန်းများ၊ မြို့ပေါ်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေး ဆော်သြခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း