မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွား

သာပေါင်း မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်()လုံး ပြိုကျပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ် ထန်းတပင်ကျေးရွာအုပ်စု၊ သံပုရာချောင် ကျေးရွာတွင် နေအိမ်()လုံး ပြိုကျပျက်စီးခဲ့ရာ ()ဦးတင်ဝင်း(၆၄/၂၃)နှစ်၊ ()ဦးအောင်မောင်း အတူနေမိသားစု အသက်(၁၈)နှစ်အထက် အမျိုးသား()ဦး၊ အမျိုးသမီး()ဦး၊ ပေါင်း()ဦးတို့နေထိုင်ရာနေအိမ် (အလျား ၁၅'×အနံ ၁၂'×အမြင့် ၁၂')(သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း) နေအိမ်မှာ ပြိုကျပျက်စီးဆုံးရှုံးခဲ့ပြီး၊ () ဒေါ်လှဌေး(၆၁/၂၃)နှစ်၊ ()ဦးတင်ခ အတူနေမိသားစု အသက် (၁၈)နှစ်အထက် အမျိုးသား()ဦး၊ အမျိုးသမီး()ဦး၊ ပေါင်း()ဦးတို့ နေထိုင်ရာ (အလျား ၁၅'×အနံ ၁၂'×အမြင့် ၁၂') (ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း)နေအိမ်မှာ ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရပြီး ပျက်ဆီးမှုနှင့် ပတ်သက်၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိခဲ့မှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာ ထန်းတပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်ဆွေနှင့် အဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးထားလျက် ရှိကြောင်းသိရှိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်