စဉ့်ကူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့်မုန့်များပေးဝေ

စဉ့်ကူး မတ် ၁၃

စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှစတင် ဖြေဆိုလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစ၍ ဓာတုဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်၊ အမှတ်(၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အားဖြည့်အချိုရည်နှင့် အာဟာရပြည့်မုန့်များ ပေးဝေခဲ့သည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အားဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား (၁၂၃) ဦး နှင့် ကျောင်းသူ (၂၀၄)ဦး စုစုပေါင်း (၃၂၇) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား (၁၁၁) ဦးနှင့် ကျောင်းသူ (၁၈၉)ဦး စုစုပေါင်း (၃၀၀) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၇၄)နှင့် ပျက်ကွက်ရာခိုင်နှုန်း (၈.၂၆) ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)