သတင်းများ

ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ပေးအပ်ပွဲနှင့် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံမျိုးစေ့များ လုံလောက်စွာထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Mar 14,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အောင်သလ္လာခန်းမတွင် ငွေနှင်းမှို၊ ကောက်ရိုးမှုမျိုးထုပ်၊ ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ပွဲနှင့် နေကြာ၊ ဝါ၊ ဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံ မျိုးစေ့များ လုံလောက်စွာ ထုတ်လုပ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကျေးရွာအရောက် ဆက်လက်ထိုးနှံပေး
Mar 14,2023
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် မိုးတိမ်ပြင်ကျေးရွာတွင် ယမန်နေ့က ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူ၌ ဝါးလက်မှုအခြေခံသင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်
Mar 14,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗာရာဏသီဟော်တယ်ရှိ အစည်းအဝေးခန်းမ၌ Nay Pyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့် Earth Vocational Training Center တို့ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်သည့် "ဝါးလက်မှုအခြေခံသင်တန်း" သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဟော်တယ်၌ ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ်Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ ကျောင်းသူ/ကျောင်းသား၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း မရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်အတွက်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဟောပြောဆောင်ရွက်ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနိူးဆော်
Mar 14,2023
ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးမှုများအား ယမန်နေ့က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင်ရုံး Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀:၃၀)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင်ရုံး Community Centre တွင် အင်္ဂလိပ်စာစွမ်းရည် တိုးတက်စေရန်  အင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်
Mar 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ Grammar သင်တန်းကို ယနေ့ နံနက် (၉)နာရီခန့်က  စတုတ္ထနေ့အဖြစ် ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟင်္သာတခရိုင်အတွင်းရှိ Gasifire အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များတွေ့ဆုံ
Mar 14,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဟင်္သာတခရိုင်အတွင်းရှိ Gasifire အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။