သတင်းများ

တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်ကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင်  နေ့စဉ်ဝင်ငွေရမည့် ခရမ်းသီးနှံများ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာ
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရေပြစ်ကျေးရွာတွင် နေ့စဉ်ဝင်ငွေရသည့် ကာလတို သီးနှံများ ဖြစ်သော ခရမ်းသီးနှံများ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးလာကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 14,2023
ကျောင်းသား/သူများအား နွေရာသီကျောင်ပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community   Center ခန်းမ၌ အခြေခံပန်ချီ ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။
ပလောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Mar 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူ ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၄၉၂၃ ဦးရှိ
Mar 14,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုထ္ထနေ့တွင် ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၄၂၃ ဦး ရှိပြီး စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၉၂၃ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
ဟုမ္မလင်း၌ ရွေ့လျားစာကြည့်တိုက်အနေဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Mar 14,2023
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ဝန်ထမ်းများစာပေနှင့် အဆက်မပြတ် ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလို သည့် ဝန်ထမ်းများထံသို့ စာအုပ်များ ငှားရမ်းပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့်​​ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များအား ဝန်ထမ်းများ လက်ဝယ်အရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မတ်(၁၄)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ငရုတ်သီးပင်စိုက်ပျိုးပြီး ငရုတ်သီးစိမ်း ခူးဆွတ်ရောင်းချနေရသဖြင့် မိသားစု အပိုဝင်ငွေရရှိ
Mar 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူ ဒေါ်ပါခန်း၏ ယာခင်း၌ တစ်နိုင်တစ်ပိုင် ငရုတ်စိုက်ခင်းများစိုက်ပျိုးထားရှိပြီး ယခုအခါတွင် ငရုတ်သီးစိမ်းများ ခူးဆွတ်ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။